top of page

ပဋိပက္ခကိုနားလည်ခြင်း (Epi - 2)

ပဋိပက္ခကိုနားလည်ခြင်း


အပိုင်း(၂)


ပဋိပက္ခ ဖြစ်ပေါ်လေ့ရှိတဲ့ အဆင့်များ


ဒီနေ့မှာတော့ စာဖတ်သူတွေအနေနဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လေ့ရှိတဲ့ ယေဘုယျ အဆင့်တွေကို လေ့လာပြီး ၎င်းအဆင့်တွေနဲ့ သက်ဆိုင်တဲ့မေးခွန်းလေးတွေကို ဖြေဆိုကြရမှာပဲဖြစ်ပါတယ်။


စာဖတ်သူတွေ အနေနဲ့ ပဋိပက္ခတွင့်ဇာတ်ကောင်တွေကို ခွဲခြားတတ်ပြီးတဲ့အခါမှာ ပဋိပက္ခအဆင့်တွေကိုလည်း မဖြစ်မနေ သိရှိထားဖို့လိုအပ်ပါတယ်။ဒါလိုသိရှိိထားမှ သက်ဆိုင်ရာအဆင့်အလိုက် ပဋိပက္ခတွေကို မတူညီတဲ့ ချဉ်းကပ်ပုံတွေနဲ့ တုန့်ပြန်ဖြေရှင်းနိုင်မှာပါ။


ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နေရာစုံ၊အလွှာစုံမှာ ပဋိပက္ခတွေဟာ ဖြစ်ပေါ်လေ့ရှိကြပါတယ်။ ဒီပဋိပက္ခတွေကို ပါဝင်ပတ်သတ်နေတဲ့ လူအရေအတွက်ပမာဏပေါ် မူတည်၍ အဆင့်တွေ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ အဆိုပါ ပဋိပက္ခအဆင့်တွေကတော့ အောက်ပါအတိုင်း သက်ဆိုင်ရာ ပြိုင်ဘက်များကြားတွင်


(၁) တစ်ဦးချင်းလူပုဂ္ဂိလ်များ( လူပုဂ္ဂိလ်များအကြား ပဋိပက္ခ)


(၂) လူမှုအဖွဲ့အစည်းများ( အုပ်စုများအကြား ပဋိပက္ခ)


(၃) နိုင်ငံများ (အပြည်ပြည်ဆိုင်ရာ ပဋိပက္ခ) ဟူ၍ (၃) ဆင့် တည်ရှိနေတာပဲဖြစ်ပါတယ်။


ကဲ …ပဋိပက္ခအဆင့်တွေ ယေဘုယျသိရှိပြီးပြီဆိုတော့ အောက်ဖော်ပြပါ ပုံလေးတွေနဲ့ မေးခွန်းလေးတွေကို သက်ဆိုင်ရာအဖြေလေးတွေ ခန့်မှန်းပြီးဖြေလိုက်ရအောင်။


နောက်တစ်နေ့မှာလည်း မိမိတို့ခန်းမှန်းဖြေထားတဲ့ အဖြေလေးတွေမှန် ၊မမှန် စစ်ဆေးရင်း ပဋိပက္ခအဆင့်တွေရဲ့ အသေးစိတ်သဘောတရားတွေကို လာရောက်ဖတ်ရှုဖို့ မမေ့ကြနဲ့ဦးနော်။


Quiz-1 visual 1




တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ကြသည်။


Quiz-2 visual 2




မောင်မောင်နှင့် သူ၏ မိခင်ဒေါ်မြသည် စစ်ကျွန်ပညာရေးအား မောင်မောင်သပိတ်မှောက်တဲ့ ကိစ္စနဲ့ပတ်သတ်၍ စကားများရန်ဖြစ်ကြသည်။


Quiz-3 visual 3




၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ အမေရိကန် ဗုံးကြဲလေယာဉ်တစီးက ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ယူရေနီယမ် အဏုမြူဗုံးတလုံး ကြဲချခဲ့သည်။



ပဋိပက္ခကိုနားလည်ခြင်း


အပိုင်း(၂)


ပဋိပက္ခ ဖြစ်ပေါ်လေ့ရှိတဲ့ အဆင့်များ


မနေ့ကတုန်းက ပဋိပက္ခ ဖြစ်ပေါ်လေ့ရှိတဲ့ အဆင့်တွေကိုဖော်ပြပြီး မေးခွန်းလေးတွေကိုမေးခဲ့တယ်ဆိုတော့ ဒီနေ့မှာတော့ အဲ့ဒီ့မေးခွန်းလေးတွေရဲ့ သက်ဆိုင်ရာအဖြေလေးတွေရယ် ပဋိပက္ခအဆင့်တွေရဲ့ သဘောတရားအသေးစိတ်ရယ်ကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။


ကဲ….ဒါဆိုအားလုံးတူတူပုံလေးတွေနဲ့တွဲပြီး လေ့လာလိုက်ရအောင်။


Visual-1


လူပုဂ္ဂိလ်ချင်း ပဋိပက္ခ


လူပုဂ္ဂိလ်ချင်း ပဋိပက္ခတွေဟာ လူအနည်းငယ်အပေါ်သာသက်ရောက်မှုရှိပြီး မြို့တစ်မြို့လုံး၊ နိုင်ငံတစ်နိုင်ငံလုံးအပေါ်ကိုတော့ သက်ရောက်မှုမရှိနိုင်ပါ။ ဒါ့အပြင် ကျွန်တော်တို့ ဖြတ်သန်းနေတဲ့ လူမှုဘဝမှာ နေ့စဉ်နဲ့အမျှဖြစ်ပွါးလေ့ရှိပါတယ်။


ဥပမာ-မိသားစုဝင်အချင်းချင်း၊သူငယ်ချင်းအချင်းချင်း၊လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊အိမ်နီးချင်းအချင်းချင်းတို့ကဲ့သို့ ပြိုင်ဘက်များကြား သဘောထား သဟဇာတမှုများပဲဖြစ်ပါတယ်။


ဒါ့ကြောင့် မနေ့ကဖော်ပြခဲ့တဲ့ Quiz - 2 မှာဆိုရင် မောင်မောင်နဲ့ သူရဲ့ မိခင်ဒေါ်မြတို့ကြားဖြစ်တဲ့ နှစ်ဦးကြားပဋိပက္ခဖြစ်တာမို့

အဖြေလေးကတော့ လူပုဂ္ဂိလ်ချင်းပဋိပက္ခထဲကတစ်ခုပဲဖြစ်ပါတယ်။



Visual-2



အုပ်စုချင်း ပဋိပက္ခများ


ရည်မှန်းချက်တစ်ခုအပေါ်တွင် အခြေခံသော လူမှုအုပ်စုများ တစ်ခုနဲ့တစ်ခုအကြား ဖြစ်ပေါ်လေ့ရှိတဲ့ ပဋိပက္ခတွေဖြစ်ပြီး

အုပ်စုချင်းပဋိပက္ခထဲမှာမှ သေးငယ်သော အစုအဖွဲ့များ နဲ့ ကြီးမားသော အစုအဖွဲ့များဟူ၍ ရှိကြပါတယ်။


သေးငယ်တဲ့အစုအဖွဲ့တွေအနေနဲ့ ပဋိပက္ခပါဝင်ပတ်သတ်နေသူတွေဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ လူပုဂ္ဂိုလ်ချင်း သိနိုင်တဲ့ အခြေအနေတွင်ရှိပါတယ်။

ဥပမာ - မိသားစုမိတ်ဆွေများ၊လူငယ်အစုအဖွဲ့လေးများ၊အခြားအစုအဖွဲ့အသေးလေးများ


ကြီးမားသော အစုအဖွဲ့တွေအနေနဲ့ ပဋိပက္ခမှာပါဝင်ပတ်သတ်နေသူ မြောက်မြားစွာပါဝင်နေပြီး ၎င်းတို့မှာ တစ်ဖက်နဲ့တစ်ဖက် အုပ်စုတွင်းရှိလူများကို သိဖို့ရာမဖြစ်နိုင်ကြပါ။ရည်မှန်းချက်တစ်ခုအပေါ်အခြေခံ၍ ပါဝင်ပတ်သတ်သူအားလုံးကို လွှမ်းခြုံကာ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ နိုင်ငံတစ်နိုင်ငံလုံးအပေါ်ပါ သက်ရောက်နိုင်စွမ်းရှိတဲ့ လူ့အသိုင်းအဝိုင်းအတွင်ဖြစ်တဲ့ ပဋိပက္ခတွေနဲ့ နိုင်ငံတွင်းပဋိပက္ခတွေပဲဖြစ်ပါတယ်။


ဥပမာ-တိုင်းရင်းသားလူမျိုးစုများ၊ဘာသာရေးအုပ်စုများ၊ရဲတပ်ဖွဲ့၊စစ်တပ်၊နိုင်ငံရေးပါတီများ၊လူမှုအဖွဲ့အစည်းများ


ဒါ့ကြောင့် မနေ့ကဖော်ပြခဲ့တဲ့ Quiz-1 ဟာဆိုရင် တိုင်းရင်းသာလက်နက်ကိုင်အစုအဖွဲ့နဲ့ စစ်အာဏာရှင်အစုအဖွဲ့တို့ကြား ဖြစ်တဲ့ပဋိပက္ခဖြစ်တာမို့ အုပ်စုချင်းပဋိပက္ခများထဲမှတစ်ခုပဲဖြစ်ပါတယ်။


Visual-3


နိုင်ငံချင်းပဋိပက္ခ(အပြည်ပြည်ဆိုင်ရာ ပဋိပက္ခ)


နိုင်ငံချင်းဖြစ်တဲ့ ပြသာနာတွေဟာ တိုက်ရိုက်အကြမ်းဖက်နည်းတွေ ဖြစ်နိုင်သလို အကြမ်းမဖက်နည်းတွေလည်းဖြစ်နိုင်ပါတယ်။ဒါ့အပြင် ပါဝင်ပတ်သတ်နေတဲ့ နိုင်ငံတွေအနေနဲ့ နှစ်နိုင်ငံ(သို့မဟုတ်)နှစ်နိုင်ငံအထက် ရှိနေနိုင်ပါတယ်။


ဥပမာ- ဒုတိယကမ္ဘာစစ်


ဒါကြောင့် မနေ့ကဖော်ပြခဲ့တဲ့ Quiz-3 ဟာဆိုရင် အမေရိကန်မှဂျပန် နိုင်ငံရှိမြို့တော်ကို အဏုမြူဗုံးကြဲခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ရပ်တစ်ခုဖြစ်တာမို့ အဖြေကတော့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခအဆင့်ပဲဖြစ်ပါတယ်။


118 views0 comments

Recent Posts

See All
bottom of page