top of page

တော်လှန်ရေးမှာ အနားယူရင်း အားဖြည့်ဖို့ ဒီအချက်တွေ လုပ်ကြည့်စို့။



ကျွန်တော်တို့ပြည်သူတွေအတူ ဒီနွေဦးတော်လှန်ရေးခရီးမှာ တိုက်ပွဲဝင်လာတာ အခုဆို (၉) လကျော်ပြီ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာလည်း တော်လှန်ရေးကို မြန်စေချင်တယ်။ စစ်အာဏာရှင်ကြောင့် စိတ်ထိခိုက်ရသူတွေကို အကာအကွယ်ပေးချင်တယ်။ အားလုံးဆန္ဒကိုယ်စီ၊ မျှော်လင့်ချက်ကိုယ်စီနဲ့

တစ်ခါတစ်ရံ အားမလို၊ အားမရဖြစ်မိတာမျိုး အစရှိတဲ့စိတ်ခံစားချက်တွေလည်း ရှိကြမယ်ထင်ပါတယ်။


ဒါဟာ သဘာဝပါ။ သို့သော် ဒီစိတ်ခံစားမှုတွေက တစ်ခါတစ်ရံ သင့်ကို စိတ်ပင်ပန်းစေမှာ၊ အားလျော့လာမယ့် စိတ်တွေဆီ မသိမသာခေါ်ဆောင်နေတာကို သတိချပ်ဖို့ လိုအပ်ပါတယ်။


ဒီတစ်ခေါက် နွေဦးတော်လှန်ရေးက အားလုံးအတူ ပန်းတိုင်ဆီ အရောက်လှမ်းမယ့်ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးရှည်ကြီးက ပြည့်သူအားကြောင့် ယနေ့ထိ အရှိန်အဟုန်မြှင့် ခရီးရောက်လာတာဖြစ်ပါတယ်။ ခုလုပ်၊ ခုရတဲ့ ကိစ္စရပ်တွေမဟုတ်သလို တရွေ့ရွေ့မို့ မသိသာပေမဲ့ (၉) လတာအတွင်း ပြည်သူ့အားနဲ့ဇွဲသတ္တိကို ကြည့်ရင် ပြည့်သူတစ်ဦးချင်းရဲ့ ပေါင်းစပ်မှုနဲ့ စည်းလုံးမှုကို အထင်းသားမြင်ရပါတယ်။


ဒီလို အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းဖို့၊ ပိုမိုအားကောင်းလာစေဖို့ ကျွန်တော်တို့ စိတ်ရော၊ကိုယ်ပါကျန်း

မာပြီး အဆုံးထိ အားအင်အပြည့်နဲ့အသင့်ဖြစ်နေဖို့လိုအပ်တယ်။


တနေ့ချင်းရှင်သန်ရတဲ့ကာလကြီး ဘယ်ပျော်ပါ့မလဲ။ သို့သော် တော်လှန်ရေးရဲ့ တာဝန်တစ်ခု၊ ဘဝတစ်ခုလို့

စဉ်းစားမယ်ဆို လိပ်ပြာလုံစေတယ်။ ကိုယ်ကိုကိုယ့် လေးစားမှုတစ်ခုရှိစေတယ်။ ဒါဟာ တော်လှန်ရေးကြီး

ကရလိုက်တဲ့ ဆုလာဘ်တစ်ခုပါပဲ။


ဒါကြောင့် တာတိုပြေးပွဲမဟုတ်ဘဲ ဒီခရီးရှည်ကြီးမှာ ခေတ္တအနားယူ၊ စိတ်ကျန်မားရေးကိုလည်း ဂရုစိုက်ရင်း

သက်လုံကောင်းကောင်းနဲ့ လက်မလျော့တမ်းဆက်လက်ပါဝင်နိုင်ဖို့ ဒီအချက်လေးတွေကို မျှဝေလိုက်ရပါတယ်။


ကဲ..အားလုံးအတူတူ လေ့လာကြည့်ရအောင်။



Social Media Detox လုပ်၊ အားအင်ဖြည့်ပြီး နွေဦးတော်လှန်ရေးဆီ ပြန်ခဲ့ပါ။


Social Media က သတင်းတွေ၊အကြောင်းအရာတွေသိရှိဖို့ အချိန်ပြည့် Break ယူဖို့ ခက်တာတော့ အမှန်ပါပဲ။

တစ်ဆက်တည်းမှာပဲ Fear of missing out လို့ခေါ်တဲ့ သတင်းတွေ လွတ်သွားမှာ၊ အမှီမလိုက်နိုင်မှာ အစရှိသ

ဖြင့် စိုးရိမ်စိတ်ကြောင့် Social Media ကို အမြဲမပြတ် သုံးစွဲလာကြပါတယ်။


အကျိုးဆက်က တစ်ခါတစ်ရံ ဝမ်းနည်းဖို့ကောင်းတဲ့ မြင်ကွင်းတွေ၊ သတင်းတွေ ထပ်ခါထပ်ခါ ဖတ်မိ၊ မြင်မိတဲ့အခါ လူ့သဘာဝအရ ဝမ်းနည်းလာမယ်။ စိတ်ဓာတ်ကျလာမယ်။ စက်ရုပ်တွေမှမဟုတ်တာ။

သို့သော် ဒီခံစားမှူတွေကပဲ သင့်ကို တော်လှန်ရေးကိုအားမရတာ၊ စိတ်ပင်ပန်းမှုတွေနဲ့အတူ အားလျော့

လာတတ်တာကို သတိချပ်ဖို့ လိုအပ်ပါတယ်။


ဒါကြောင့် တော်လှန်ရေးကြီးက ခရီးရှည်ဖြစ်တာနဲ့အညီ ကျွနိတော်တို့ ကိုယ်တိုင်အချိန်မတိုင်ခင် စိတ်ရော၊ ကိုယ်ပါ အားအင်တွေ မကုန်ဆုံးသွားဖို့၊ Energy တွေ ကုန်ခမ်းလာတယ်လို့ ခံစားရတဲ့အခါ နာရီပိုင်း၊ မိနစ်ပိုင်း၊

အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး ခေတ္တအနားယူလိုက်ပါ။


Social Media Detox လုပ်၊ အားအင်ဖြည့်ပြီး နွေဦးတော်လှန်ရေးဆီ ပြန်ခဲ့ပါ။ သင်မရှိလိုတော့

မဖြစ်ဘူးမဟုတ်လား။



မိသားစု၊ သူငယ်ချင်း၊ ချစ်ရတဲ့သူတွေနဲ့ ဆက်သွယ်ကြည့်ပါ။


တော်လှန်ရေးရဲ့ နောက်ထပ်ရလိုက်တဲ့ သင်ခန်းစာတစ်ခုက ဘယ်အရာမှ မမြဲဘူးဆိုတာပါပဲ။ ဒါကြောင့် လက်ရှိ

အချိန်ကို တန်ဖိုးထားပြီး ဝေးကွာနေတဲ့ သူငယ်ချင်းတွေကို ဂရုစိုက်ဖို့၊ ဖေးမပေးဖို့ အကြံပြုပါတယ်။


အကျိုးဆက်အနေနဲ့ မိသားစု၊ သူငယ်ချင်းတွေအတူစည်းစည်းလုံးလုံးနဲ့ တော်လှန်ရေးမှာ ပါဝင်လာနိုင်မယ်။

ငယ်ငယ်က ကျောင်းတွေမှာ မတူညီတဲ့တာဝန်တွေနဲ့အနော်ရထာ၊ ကျန်စစ်သားအသင်းတွေ ခွဲခဲ့ကြတာ

မှတ်မိကြမယ်ထင်ပါတယ်။


ထို့နည်းတူ သူငယ်ချင်းတွေအတူ ဘယ်သူကတော့ ClicktoDonate မယ်။ ဘယ်သူကတော့စုပေါင်းပြီး Mini Fundraising တွေဦးဆောင်မယ်။ အခုဆို ပြည့်သူအတွက် နွေဦးထီတွေ၊ Bond တွေ ရှိနေပြီဖို့ ဘယ်လို အတူတူ ပါဝင်ကြမလဲ။


ဒီလိုအကြောင်းအရာတွေကို အတူတူတိုင်ပင်ဆွေးနွေးကြ၊ ဟောင်းနွမ်းနေတဲ့ ဆက်သွယ်မှုလေးတွေပြန်လည်

အသက်သွင်းရင်း တော်လှန်ရေးမှာလည်း ပါဝင်ပေးဖို့ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။



မိမိဝါသနာပါရာတွေကို ရှာဖွေစမ်းသပ်ကြည့်ပါ။


ငယ်ငယ်ထဲက ကျွန်တော်တို့ လုပ်ချင်တဲ့ စိတ်ကူးလေးတွေ ကိုယ်စီရှိကြမယ်ထင်ပါတယ်။ စာအုပ်ဖတ်တာ၊

သိုးမွှေးထိုးတာ၊ ပန်းချီဆွဲတာ စသဖြင့် အကြောင်းအမျိူးမျိုးကြောင့် ခေါက်သိမ်းခဲ့ရတဲ့ အိပ်မက်တွေ၊

ဝါသနာလေးတွေကို အကောင်အထည်ဖော်ကြည့်ပါ။


ဒါဆို နေ့ရက်တွေက ဖြတ်သန်းရတာ အဓိပ္ပါယ်ရှိလာမယ်။ တော်လှန်ရေးဘက်က ကြည့်ပြန်ရင်လည်း

လက်မှုပစ္စည်းလေးတွေနဲ့ Fundraising လုပ်ကြမလား။ ပန်းချီကားလေးနဲ့ကိုယ်ရဲ့လက်ရာတွေကို

ရဲဘော်အချင်းချင်း လက်ဆောင်ပေးမျှဝေလို့ရမယ်။


ဒီလို ကိုယ်ရဲ့ ဝါသနာရာကို ပြုလုပ်ရင်း တော်လှန်ရေးမှာ တစ်နည်းတစ်ဖုံ ပါဝင်နိုင်တာမို့ အားလပ်ချိန်

အနားလည်းယူရင်း၊တော်လှန်ရေးကိုလည်း ကူဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။




တော်လှန်ရေး Ecosystem တစိခုဖန်တီးကြည့်ပါ။


ဖော်ပြပါအချက်တွေကို ဖတ်ကြည့်ပြီးတဲ့အခါ စိတ်ထဲမှာ ဘယ်အရာတွေကို မိမိအနေနဲ့ ဦးစားပေး

လုပ်သင့်လဲ။ ဖြစ်နိုင်ပါ့မလား။ ဒီလို မေးခွန်းလေးတွေကို ကျွန်တော်တို့ ခံစားမိပါတယ်။ ဒါကြောင့် တော်လှန်

ရေး Ecosystem တစ်ခု သင်ကိုယ်တိုင် တည်ဆောက်ကြည့်ပါ။


တော်လှန်ရေးခရီးကြာရှည်လာတာနဲ့အမျှ ကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေ ရှိတာမှန်ပေမဲ့ ကျွန်တော်တို့

ပုံမှန်နေ့ရက်တွေလို ဖြတ်သန်းလို့ မရဘူးဆိုတာတော့ အားလုံး သတိချပ်ထားရပါမယ်။


မနက်မိုးလင်းအိပ်ရာနိုးတဲ့အချိန်ကစ ဒီနေ့ဘယ်အရာတွေ လုပ်မယ်။ ဘယ်အချိန်မှာ ClicktoDonate မယ်။

ဘယ်အချိနိမှာ သတင်းဖတ်မယ်။ စသဖြင့် ကြိုတင်အစီအစဉ် ချကြည့်ပါ။ သီချင်းနားထောင်မလား။

ဘောလုံးပွဲကြည့်မလား။ ရုပ်ရှင်၊ သတင်း၊ ကစားစရာ Game ကစားမလား။


ဒီလို ကျွန်တော်တို့ နေ့စဉ် လုပ်ရိုးလုပ်စဉ်ကိစ္စရပ်တွေ အားလုံးကို တော်လှန်ရေးနဲ့ ချိတ်ဆက်နေဖို့ လိုအပ်

တယ်။ ဒါမှ ချိတ်ဆက်နိုင်အာင် အစွမ်းကုန် ဖန်တီးပေးထားတဲ့ တော်လှန်ရေးရဲဘော်တွေ၊ ပညာရှင်တွေကို

အသိအမှတ်ပြုရာရောက်မယ်။ တော်လှန်ရေးအရှိန် အားကောင်းလာမယ်။


ဒါကြောင့် ကျွန်တော်တို့အားလုံးအတူနွေဦးတော်လှန်ရေးကြီးမှာ တော်လှန်ရေး Ecosystem တစ်ခုတည်ဆော

ကရင်း၊ နားချိန်မှာနား၊ အားဖြည့်ချိန်မှာ အားဖြည့်၊ နည်းလမ်းအမျိုးမျိုးနဲ့ အဆုံးထိ တိုက်ပွဲဝင်ကြမယ်ဆို

မဝေးတော့တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်မယ်ဆိုတာ ကျွန်တော်တို့ ရဲရဲကြီးယုံကြည်ပါတယ်။


သင့်ရော ဒီနေ့ တော်လှန်ရေးတွက် ပါဝင်ရင်း အနားယူဖို့ မေ့နေပြီလား။



33 views0 comments

Recent Posts

See All
bottom of page