top of page

ကြာရှည်သောတော်လှန်ရေးနဲ့တောင်သူလယ်သမားထု

ကိုဗစ်ကာလနဲ့ တော်လှန်ရေးကာလနောက်ပိုင်း ကုန်စျေးနှုန်းတွေ အရမ်းတက်လာတယ် ၊အထူးသဖြင့် ဆီတွေ၊ဆားတွေ၊ဆန်တွေစျေးတက်လာပေမယ့် ကိုယ့်လုပ်အားနဲ့ ဖြစ်လာတဲ့ အဆိုပါ ဆန်တွေကို တောင်သူလယ်သမားတွေ ထိုကာလများမတိုင်ခင်ထဲက နပ်မှန်အောင်မစားနိုင်ခဲ့ပါ။


အာဏာသိမ်းကာလနောက်ပိုင်း မီတာမဆောင်ရင် စစ်အာဏာရှင်က မီးဖြတ်မယ်လို့ချိန်းခြောက် ဖိအားပေးမှုတွေရှိလာပေမယ့်

တောင်သူလယ်သမားတို့ ကျေးရွာမှာ ထိုကာလများမတိုင်ခင်ကတည်းက မီးမရရှိခဲ့ပါ။


ဒီလိုပဲ မိုဘိုင်းဒေတာတွေစျေးတက်တာတွေကလည်း တောင်သူ လယ်သမားမိသားစုအများစုအတွက် ယခင်ကာလတွေတည်းက ဖိနှိပ်မှုများကြားမှာ နပ်မှန်မှန်စားနိုင်အောင်၊အသက်ရှင်သန်ဖို့ရုန်းကန်နေရတာမို့ မိုဘိုင်းဖုန်းကိုင်နိုင်ဖို့ဆိုတာ အင်မတန်အလှမ်းဝေးလှပါတယ်။


ဒါ့အပြင် အာဏာရှင်များက၊ သက်ဆိုင်ရာ အာဏာပိုင်များက အနိုင်ကျင့်ဖိနှိပ်ကာ မြေယာမီးရှို့တာတွေ၊ လယ်ယာမြေသိမ်းယူမှုပြုလုပ်တာတွေ၊ လယ်ရှင်ယာရှင်တွေရဲ့ လုပ်အားခေါင်းပုံဖြတ်မှုတွေ အပါအဝင် အခြားသော ဖိနှိပ်မှုပေါင်းမျိုးစုံအပါအဝင်၊သဘာဝပတ်ဝန်းကျင်ကြောင့် လယ်ယာမြေတွေပျက်စီးကာ ကောက်ပဲသီးနှံတွေမဖြစ်ထွန်းတာတွေဟာ ယခင်ကာလတွေတည်းက ပြင်းထန်စွာခါးစည်းခံခဲကြရတာဖြစ်ပါတယ်။


ဒီတော့ ခုလို ကိုဗစ်ကာလအပြီး တဖန်ကြာရှည်တဲ့ အာဏာသိမ်းကာလလို အချိန်မျိုးမှာဆို ဖိနှိပ်မှုတွေ၊ အကြပ်အတည်တွေဟာ အဆပေါင်းများစွာတိုးနေမယ်ဆိုတာအသေအချာပဲဖြစ်ပါတယ်။


ဒါပေမယ့် ခုလိုကြာရှည်တဲ့ တော်လှန်ရေးမှာ အောက်ခြေ တောင်သူလယ်သမားထုဟာ အထက်ပါအကြပ်အတည်းတွေ၊ဖိနှိပ်မှုတွေကြား ကြောက်ရွံမနေပါ။လက်လျှော့မသွားပါ။အကောင်းမွန်ဆုံးစုဖွဲ့မှု အင်အားနဲ့ တစ်ထောင့်တစ်နေရာက တော်လှန်ရေးမှာ စစ်အာဏာရှင်တွေကို ဆန့်ကျင့်ရင်း ပါဝင်လျက်ရှိနေပါတယ်။


ခေတ်အဆက်ဆက်မတရားမှုကို ရဲဝံ့စွာ တော်လှန်ခဲ့ကြတဲ့အပြင် ယခုတော်လှန်ရေးကာလမှာဆိုရင်လည်း အစတည်းက တောင်သူလယ်သမားသပိတ်စစ်ကြောင်းတွေဟာ ဒေသအသီးသီးရဲ့ တော်လှန်သပိတ်တပ်ဦးတွေမှာ နေရာယူခဲ့ကြတာ အားလုံးအသိပဲဖြစ်တယ်။


ဒါ့အပြင် လယ်သမားဖြစ်သူမိဘတွေက သားသမီးတွေကို လယ်ထဲပြန်မဆင်းခိုင်းစေချင်တာမှန်ပေမယ့် တစ်ရွာလုံးနီးပါး သားသမီးကို ကျောင်းမထားပဲ စစ်အာဏာရှင်ကို တော်လှန်နေကြတာ အောက်ခြေတောင်သူလယ်သမားထုပဲဖြစ်ပါတယ်။


ဒါ့ကြောင့် ကျွန်တော်တို့ဖိနှိပ်ခံပြည်သူတွေဟာ ခေတ်အဆက်ဆက် လူ့အဖွဲ့အစည်းရဲ့ ထပ်ဆင့် ဖိနှိပ်မှုပေါင်းမျိုးစုံကို ခါးစည်းခံရင်း စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ တောင်သူလယ်သမားထုရဲ့ အကြပ်အတည်းတွေကို ကျယ်လောင်စွာအသံထွက်ဖော်ထုတ်ကြဖို့လိုအပ်လာပြီပဲဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲ အကြပ်အတည်းတွေ၊ဖိနှိပ်မှုတွေကို နားလည်သိရှိပြီး ဖိနှိပ်ခံအချင်းချင်း ကူညီဖေးမကြဖို့၊အတူတကွလွတ်မြောက်အောင် တော်လှန်၊ရုန်းကန်ကြဖို့​ အကြံပြုသပြောကြားရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတယ်။


ကြာရှည်လာသောတော်လှန်ရေးနဲ့ တရပ်စပ်များပြားလာတဲ့ တောင်သူလယ်သမားထုရဲ့ အကြပ်အတည်းတွေကို လျစ်လျူမရှုကြပါနဲ့။



 
 
 

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page