top of page

ကိုယ်ပိုင်စံနှုန်းတွေနဲ့ မိမိစိတ်တိုင်းကျဘဝနေထိုင်မှုပုံစံ

Updated: Jun 25, 2022


ree

ကျွန်တော်တို့ဟာ မွေးဖွားကြီးပြင်းလာပုံ၊ ရှင်သန်နေထိုင်လာရတဲ့ ပတ်ဝန်းကျင် နဲ့ ဘဝတစ်လျှောက် ရလာတဲ့အခွင့်အရေးတွေ တစ်ဦးနဲ့တစ်ဦးမတူကြပါဘူး။


တစ်ခါတစ်ရံမှာ ဒီအခြေခံအချက်တွေကို မေ့လျော့ထားကြပြီး ပတ်ဝန်းကျင်ရဲ့ အမြင့်ဆုံး ဘောင်ခတ်ထားတဲ့ စံသတ်မှတ်တွေနောက်ကိုလိုက်ရင်း ဖိအားတွေနဲ့ ရင်ဆိုင်ကြရပါတယ်။


အမြင်သာဆုံးဥပမာအနေနဲ့ပြောရမယ်ဆိုရင် လက်ရှိလူငယ်တွေကြား မတူကွဲပြားသောနည်းမျိုးစုံနဲ့ ဆက်လက် ပညာရေးလမ်းကြောင်း လျှောက်လှမ်းနေကြပုံပဲဖြစ်ပါတယ်။နိုင်ငံရေးအကျပ်အတည်းကြား အဆက်မပြတ်ပညာသင်ယူခွင့်ဆုံရှုံးနေသည့် လူငယ်များအကြား “ပြည်ပသွားရောက်သင်ကြားခြင်း” ဟာ လူ့အဖွဲ့အစည်းရဲ့ အမြင့်ဆုံးစံသတ်မှတ်ချက်ဖြစ်လာပါတယ်။ဒီနေရာမှာ ခုနကပြောခဲ့သလို အများစုသော လူငယ်တွေဟာ တစ်ဦးတစ်ယောက်ချင်း ကွဲပြားခြားနားချက်တွေကို သတိမမူမိပဲ ကိုယ်ပိုင်စံနှုန်းတွေပျောက်ဆုံးကာ ဖိအားများရင်ဆိုင်နေကြတာပဲဖြစ်ပါတယ်။


ဒါကြောင့် လူငယ်တွေကို အထူးသတိပေးအကြံပြုလိုတာက ကိုယ်ပိုင်စံနှုန်းများနဲ့ မိမိ စိတ်တိုင်းကျ ဘဝနေထိုင်မှုပုံစံကိူဖန်တီးယူကြဖို့ပဲဖြစ်ပါတယ်။လူတစ်ဦးတစ်ယောက်ခြင်း စတင်မွေးဖွားလာချိန်ကနေ ဘဝနေထိုင်မှုပုံစံ၊အခွင့်အရေးများအား လက်လှမ်းမီနိုင်မှုနဲ့ စတဲ့ ခြေလှမ်းအတက်အကျများ မတူညီကြတာကို နှလုံးသွင်းစေလိုပါတယ်။


နွေဦးတက္ကသိုလ်လို ကြားကာလပညာဖြည့်ဆည်းမှုများ ပေးနေတဲ့ ကျောင်းမှာ ပညာသင်ကြားခြင်းရင်း တော်လှန်ရေး အခန်းကဏ္ဍတွေကို ထောက်ပံ့ပေးနေခြင်းဟာလည်း ကိုယ့်အတွက်ရော ၊ လူ့အဖွဲ့အစည်းအတွက်ရော များစွာသော အကျိုးဖြစ်ထွန်းစေပါတယ်။ ရပ်ရွာအခြေပြု ပညာရေးအဖွဲ့အစည်းတွေမှာ ပညာဒါနလုပ်အားပေးခြင်းဟာလည်း ကိုယ့်အတွက်ရော ၊ လူ့အဖွဲ့အစည်းအတွက်ရော များစွာသော အကျိုးဖြစ်ထွန်းစေတာမို့ ကျေနပ် ဂုဏ်ယူစရာကောင်းလှပါတယ်။ငွေကြေးမတတ်နိုင်သည့်တိုင် တော်လှန်ရေးမှာ လုပ်အားပေးခြင်း၊ စိတ်ခွန်အားပေးခြင်းလို အထောက်အပံ့ပေးကာတစ်ထောင့်တစ်နေရာက ပါဝင်နေခြင်းဟာလည်း ကျေနပ်ဂုဏ်ယူစရာကောင်းလှတာမို့ ဒီလိုကိုယ်ပိုင်စံနှုန်းတွေထားကာ ရှင်သန်ကြဖို့ လူ့အဖွဲ့အစည်းရဲ့ အမြင့်ဆုံးစံသတ်မှတ်ချက်တွေနောက် အမြဲမလိုက်ဖို့ စေတနာစကားလေး ပါးလိုက်ရပါတယ်။


နောက်ဆုံးအနေနဲ့ ပြောချင်တာက ဘဝဆိုတာ MihalyCsikszentmihalyiပြောခဲ့တဲ့ “A Joyful life is an individual creation that cannot be copied from a recipe” ဆိုသလို “ကျေနပ်ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝဆိုသည်မှာ နည်းနာပြကျမ်းစာအုပ်တွေထဲက ကူးယူကျင့်သုံးလို့မရတဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ဖန်တီးမှုပဲဖြစ်ပါတယ်” ။



 
 
 

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page