top of page

ကိုယ့်ကြောင့် တော်လှန်ရေးညီအစ်ကိုများ အခက်မတွေ့စေဖို့။

Updated: Jun 25, 2022



ကျွန်တော်တို့ လူ့သဘာဝအရ သတင်းဦး၊သတင်းထူးတွေကို မျှဝေပေးချင်တာကို နားလည်ပါတယ်။


ဒါပေမဲ့ သင်ရော ဒီလို ကျရူံးသွားတဲ့ တော်လှန်ရေးပုံပြင်တွေ ထပ်မြင်တွေ့ရဖို့ ခံနိုင်ရည်ရှိသေးလား?


"ကျွန်တော်တို့ ပထမက အပေါ်စီးကနေ တိုက်ခိုက်ပြီး အသာစီးရတာပေါ့။ နောက်ပိုင်းမှာ Video လေး

တစ်ခု၊ ဓာတ်ပုံလေးတစ်ခုကြောင့် ကျွန်တော်တို့ရှိတဲ့ နေရာ သူတို့ ခန်မှန်းမိသွားပြီး ပြန်ပစ်တဲ့အနေအထားမှာ ကျွန်တော်တို့ လူတွေ မတောင့်ခံနိုင်တော့တဲ့အထိ ဖြစ်သွားတယ်ခင်ဗျ"


" အာ့တစ်ပုံပဲ Only me ဖို့ ကျန်ခဲ့တာပါကွာ။ ဘယ်လိုယုံကြည်မှုမျိုးနဲ့ ဆက်လုပ်ပေးရမလဲဗျာ။ ခင်ဗျားတို့

မလုပ်တော့လဲ မလုပ်လို့၊ လုပ်တော့လဲ ကာသင့်တာ မကာပေးကြဘူး။ လာဖမ်း၊ ပါသွား မနက် အလောင်းပြန်ထုတ်ဆိုမှ Sad React တွေ တန်းစီနေမယ်ဆို ရှင်နေတော့လဲ ဘာထူးတော့မှာလဲ"


ဒီ မန္တလေး PDF ဖြစ်ရပ်နဲ့ လတ်တလော ယုန်နဲ့လိပ်ပုံပြင် ဖြစ်ရပ်မှာ လူတစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံ၊ Video တစ်ခုကြောင့် ကြီးမားတဲ့ ဆုံးရုံးမှုတွေလိုက်ပါလာတာ မျက်မြင်ပဲ။ ဒီလို ဖြစ်ရပ်တွေက အခုမှ မဟုတ်ဘူး။ Internet လိုင်းတွေဖြတ်ခဲ့စဉ် VPN တွေပိတ်တုန်းကလည်း အလားတူပဲ။ ည ၁ နာရီလိုင်းပိတ်ရင် Potato နဲ့ သုံးလို့ရမယ်တင်တော့ နည်းနည်းကြာတော့ Potato သုံးမရတော့ဘူး။


"ဒါကြောင့် စစ်ကောင်စီကို သတင်းပေး၊ နည်းလမ်းရှာပေးတဲ့ သူလျိုတစ်ယောက် သင်ကိုယ်တိုင် မဖြစ်ပါစေနဲ့"


သတင်းတစ်ခု၊ ဖြစ်ရပ်တစ်ခုကို သေချာစွာလေ့လာဆန်းစစ်ပါ။ Live မလွှင့်ဖို့၊ Location အတိအကျ

မတင်ဖို့အပြင် သူများကိုမမျှဝေခင် "Why" ဆိုတဲ့မေးခွန်းကို ပြန်မေးပါ။ ဒီလို မျှဝေလိုက်လို့ ဘယ်သူ

တွေ အကျိုးရှိသွားလဲ။ ဘယ်သူတွေ ထိခိုက်သွားလဲ သုံးသပ်ပါ။ မသေချာဘူးဆို ရှောင်လိုက်။


တကယ်လို့ သင်က Citizen Journalist တစ်ယောက်ဖြစ်ချင်တယ်။ အခြေအနေတစ်ခုကို အချက်အလက်

ကျကျနဲ့ ခွဲခြမ်းစိတ်ကျပြီး မျှဝေဖို့တွက် ဆန္ဒရှိရင် Citizen Journalism ရဲ့ အခြေခံဖြစ်တဲ့ ဒီ (၆) ချက်

တွေကို လေ့လာပါ။


Who - ဘယ်သူတွေ ပါဝင်တာလဲ။

What - ဘာအကြောင်းအရာလဲ။

When - ဘယ်အချိန်မှာ ဖြစ်ပွားတာလဲ။

Where - ဘယ်နေရာမှာ ဖြစ်ပွားတာလဲ။

Why - ဘာကြောင့် ဖြစ်တာလဲ။

How -ဘယ်လို ဖြစ်ပွားတာလဲ။


Citizen Journalism အသေးစိတ်ကို ဖော်ပြပါ Link ထဲမှာ လေ့လာနိုင်ပါတယ်။



ဒီလို အရေးကြီးတဲ့ တော်လှန်ရေးမှာ မသိလို့တင်လိုက်တာဆိုပြီး ခွင့်လွှတ်ပေးလို့မရဘူး။ မသိရင်သိအောင်လုပ်။ တစ်ခုခုမှားရင် ပေးဆပ်လိုက်တာ လူ့အသက်တွေမို့ တော်လှန်ရေးမှာ ဆင်ခြေမပေးပါနဲ့။


ဒါကြောင့် သတင်းတစ်ခုခုမတင်ခင် ကိုယ့်ကြောင့် တော်လှန်ရေးညီအစ်ကိုများ အခက်မတွေ့ဖို့

အကျိုးဆက်ကို ထပ်ခါထပ်ခါ စဉ်းစားပါ။ ဆန်းစစ်ပါ။ လေ့လာပါ။


အချိန်တစ်ခုရောက်တဲ့အခါ ဒီလို Content မျိုးမှာ ကျရူံးသွားတဲ့ တော်လှန်ရေးပုံပြင် နောက်တစ်ပုဒ် ထပ်မထည့်ပါရစေနဲ့ခင်ဗျာ။




 
 
 

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page