top of page

Conflict resolution announcement

  • May 14, 2022
  • 1 min read

Updated: Jun 25, 2022



ပဋိပက္ခတွေကာကွယ် ဖြေရှင်းနိုင်တဲ့ အဖြေတစ်ခု(သို့မဟုတ်) ဖက်ဒရယ်


ဆောင်းပါးမိတ်ဆက်


စစ်အေးခေတ်လွန်ကာလများမှစတင်ကာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖက်ဒရယ်စနစ်ကို ပဋိပက္ခဖြေရှင်းရေးကိရိယာတစ်ခုအဖြစ် ပိုမိုတွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ နယ်မြေဒေသကျယ်ပြန့်ပြီး စုံလင်ကွဲပြားတဲ့ လူ့မျိုးစုများစွာရှိသည့် နိုင်ငံတွေမှာ ဖက်ဒရယ်စနစ် ကျင့်သုံးပြီး ကိုယ်ပိုင်လက္ခဏာ အခြေခံတဲ့ နိုင်ငံရေးပဋိပက္ခတွေအပါအဝင် အခြားသော ပဋိပက္ခများ မြင့်တက်လာမှုကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့ သာဓကတွေများစွာရှိခဲ့ပါတယ်။


ဥပမာ- အီသီယိုးပီးယား၊အီရတ်၊ဘယ်လ်ဂျီယံ နဲ့ နီပေါတို့ကဲ့သို့ အစိတ်အပိုင်းများစွာ ကွဲပြားစွာ တည်ရှိကြတဲ့ နိုင်ငံတွေတောင်မှ ဖက်ဒရယ်စနစ်ကိုကျင့်သုံးပြီး လူမျိုးစု နဲ့ နိုင်ငံရေးဆိုင်ရာ ပဋိပက္ခတွေကို အတိုင်းအတာတစ်ခုထိ ကျော်လွှားနိုင်ခဲ့တဲ့တာတွေ အနီးစပ်ဆုံး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်စနစ်ကိုကျင့်သုံးပြီး ပိုမိုကျယ်ပြန့်တဲ့ စုံလင်ကွဲပြားမှုကိုထိန်းသိမ်းထားကာ ပဋိပက္ခများကို ဖြေရှင်းနိုင်ထားနိုင်တာတွေ စတဲ့အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။


မြန်မာနိုင်ငံအနေနဲ့လည်း ကိုယ်ပိုင်လက္ခဏာ အခြေခံတဲ့ နိုင်ငံရေးပဋိပက္ခများအပါအဝင် ရှုပ်ထွေးလှတဲ့ အခြားသောပဋိပက္ခများကို ဖြစ်ပေါ်လျက်ရှိနေတဲ့အလျောက် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဖက်ဒရယ်စနစ်ကိုကျင့်သုံးဖို့ မဖြစ်မနေလိုအပ်လာပြီပဲဖြစ်ပါတယ်။

ဒါ့ကြောင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရာမှာ အားကောင်းစွာ ဖက်ဒရယ်စနစ် အကောင်အထည်ဖော်နိုင်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ သာဓကများနဲ့ နှိုင်းယှဉ်လေ့လာနိုင်စေရန် “ပဋိပက္ခတွေကာကွယ် ဖြေရှင်းနိုင်တဲ့ အဖြေတစ်ခု(သို့မဟုတ်) ဖက်ဒရယ်” ဆိုတဲ့ ဆောင်းပါးလေးကို အပတ်စဉ်စောင့်မျှော် ဖတ်ရှုကြဖို့ အကြုံပြုလိုက်ပါတယ်။



 
 
 

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page