top of page

အာဏာခွဲဝေအုပ်ချူပ်ရေးဆိုတာ ဘာလဲ ?

  • May 16, 2022
  • 1 min read

Updated: Jun 25, 2022



အာဏာခွဲဝေအုပ်ချူပ်ရေးဆိုတာ ဘာလဲ ?


ဖယ်ဒရယ်စနစ်ဆိုတာ အဖွဲ့ဝင်ပြည်နယ်များနှင့်ပြည်ထောင်စုကြားအချိုးကျအာဏာခွဲဝေလျက် ယှဉ်တွဲနေထိုင်ခြင်း Distribution of Powerဖြစ်တယ်။


အာဏာခွဲဝေခြင်းကို အသေးစိတ်ပြောရရင် ဖယ်ဒရယ်စနစ်မှာ ဗဟိုအစိုးရ သို့ ပြည်ထောင်စုအစိုးရ နဲ့ ပြည်နယ်အစိုးရဆိုပြီး အစိုးရနှစ်ရပ်ရှိမယ်။


ဒီနေရာမှာ ဗဟိုအစိုးရနဲ့ အဖွဲ့ဝင်ပြည်နယ် အစိုးရနှစ်လွှာကြားမှာရှိတဲ့ မူဝါဒ၊ သဘောတူညီချက်၊

ကိုယ်ပိုင် ပြဌာန်းချက်တွေကို အပြန်အလှန်စေ့စပ်ညှိနိုင်းပြီး အာဏာခွဲဝေအုပ်ချုပ်ခြင်းကို ဖယ်ဒရယ်စနစ်လို့ခေါ်တယ်။


အကြမ်းဖျင်းအားဖြင့် ဗဟိုအစိုးရက နိုင်ငံတစ်ခုလုံးနှင့်လွှမ်းခြုံတဲ့ တပြေးညီထားရှိရမည့် ငွေကြေးပိုင်းဆိုင်ရာ၊ နိုင်ငံတကာဆက်ဆံရေး အစရှိသဖြင့်ကိစ္စအဝဝကို စီမံခန့်ခွဲခွင့် ရရှိမယ်။


ထို့နည်းတူစွာ ပြည်နယ်အစိုးရမှာတော့ ပြည်နယ်အလိုက် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ကိုယ့်ကြမ္မာကိုဖန်တီးခွင့်ကို အခြေခံကာ စာပေ၊ ဘာသာစကား၊ ယဉ်ကျေး မှုကနေစလို့ စာသင်ကျောင်းဆောက်လုပ်တာ၊ ပြည်နယ်အဆင့်နှင့်တရားဥပဒေပြုရေးနှင့်တရားစီရင်ရေးစတဲ့ ပြည်နယ်တွင်းကိစ္စရပ်များနှင့်စပ်လျဥ်းလို့

မူဝါဒချမှတ်ပိုင်ခွင့်၊ ကျင့်သုံးပိုင်ခွင့် ရရှိမယ်။


ဒီအစိုးရအသီးသီးရဲ့ လုပ်ပိုင်ခွင့်အာဏာကို သတ်သတ်မှတ်မှတ် တရားဝင်အသိအမှတ်ပြုဖို့အတွက်

ဗဟိုအစိုးရအခြေခံဥပဒေနဲ့ ပြည်နယ်အစိုးရအခြေခံဥပဒေဆိုပြီး ကနဦးအရင်ဆုံး ပြဌာန်းရတယ်။


ဒီလိုနဲ့ ဖယ်ဒရယ်ခြေဥအရ သတ်မှတ်ပိုင်းခြားထားတဲ့ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရပြည်နယ်တွေရှိမယ်။ ဒီပြည်နယ်တွေမှာလည်း သူ့ရဲ့ ပြည်နယ်အလိုက် စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု စတာတွေပေါ်

အခြေခံပြီးပြည်နယ်အလိုက်အုပ်ချုပ်ရေး၊ဥပဒေပြုရေးနှင့်တရားစီရင်ရေး လုပ်ပိုင်ခွင့်တွေလည်းရှိမယ်။


ကိုယ်ပိုင် အခြေခံဥပဒေနဲ့ လွတ်လပ်စွာ မိမိတို့ လူမျိုးစုများအလိုက် ပြည်နယ်များကို စီမံအုပ်ချူပ်ပြီး မိမိတို့ တစ်ပြည်နယ်ချင်း ဆောင်ရွက်လို့မရတဲ့ ကိစ္စရပ်တွေကို ဗဟိုအစိုးရက လွှဲပြောင်းဆောင်ရွက်ပေးရတယ်။


ဒါကို ဗဟိုအစိုးရနဲ့ပြည်နယ်တွေကြားမှာ ဖယ်ဒရယ်စနစ်အရ အတူတကွ ပူးပေါင်းအုပ်ချုပ်ခြင်းလို့ နားလည်ထားလို့ရတယ်။ ဒီပြည်နယ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကို ဖယ်ဒရယ်ပြည်ထောင်စုလို့

ခေါ်တာပေါ့ဗျာ။


ဗဟိုအစိုးရနှင့်အတူတကွ ပူးပေါင်းအုပ်ချုပ်ခြင်းနဲ့ပြည်နယ်တွေလွတ်လပ်စွာကိုယ်ပိုင်စီမံအုပ်ချုပ်ခြင်း (၂) မျိုးလုံးကို ပေါင်းစပ်ပြီး ဖယ်ဒရယ်စနစ်၊ အာဏာခွဲဝေအုပ်ချူပ်ရေး ဆိုပြီး ခေါ်ဆိုနိုင်ပါတယ်။


ကဲ.အခုဆို ဖယ်ဒရယ်စနစ်အကြောင်း တစေ့တစောင်း နားလည်သွားမယ်ထင်ပါတယ်။


ဆက်လက်ဆွေးနွေးချင်တာလေးတွေရှိရင်လည်း Comment မှတဆင့်မျှဝေနိုင်ပါတယ်ခင်ဗျာ။


နိုင်ငံသားတိုင်း နိုင်ငံရေးကို ကျယ်ကျယ်ပြန့်ပြန့်နားလည်တက်ကျွမ်းဖို့က ကျွန်တော်တို့အားလုံးရဲ့

ရည်ရွယ်ချက်ပဲ မဟုတ်လား။



 
 
 

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page