top of page

Mental Health Series

ပျောက်ဆုံးနေတဲ့ ကိုယ်ကိုကိုယ် ပြန်လည်ရှာဖွေမယ်။


မနက်ခင်းအိပ်ယာနိုးချိန်မှစလို့ အိပ်ယာဝင်ချိန်ထိ တူညီတဲ့ ဖြစ်ရပ်တွေကိုပဲ ဖြတ်သန်းရင်း တစ်နေ့တာကို

အဓိပ္ပါယ်မရှိသလို ခံစားနေရသူတစ်ယောက်လား။


တစ်ခါတစ်ရံ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ဘယ်သူကိုမှ မပြောပြဖြစ်တဲ့ ကိုယ့်ကိုကိုယ် အားမလို၊ အားမရဖြစ်တဲ့စိတ်တွေ လူငယ်တွေရဲ့ ရင်ထဲ ကိန်းအောင်းနေလိမ့်မယ်ဆိုတာ ကျွန်တော်တို့ ခံစားမိပါတယ်။


ဒါကြောင့် “ သင့်အတွက် စိတ်ကျန်းမာရေး” ဆိုတဲ့ ဆောင်းပါး အပိုင်း (၁) မှတစ်ဆင့် ပျောက်ဆုံးနေတဲ့ ကိုယ်ကိုကိုယ်အတူတူပြန်လည်ရှာဖွေကြည့်ကြတာပေါ့။


ပထမဆုံး ဒီလို ခံစားမှုမျိုးရင်ဆိုင်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံး

ရင်ဆိုင်နေရတာမို့ သဘာဝတစ်ခုလို့ မှတ်ယူထားရမယ်။


ဒီကတစ်ဆင့် ကျွန်တော်တို့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေမစတင်ခင် Purpose of behind the action လို့ခေါ်တဲ့ နေ့စဉ်ပြုလုပ်နေတဲ့ လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိလဲ။ ကိုယ့်တွက် ဘယ်လောက်အဓိပ္ပါယ်ရှိလဲ။ ဥပမာ - Computer ရှေ့မှာ တနေ့ကုန်ထိုင်ပြီး Website Link တွေကို Click ဆို ပျင်းစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုမဟုတ်လား။


သို့သော် ဒီနောက်ကွယ်မှာ တော်လှန်ရေးဆိုတဲ့ရည်ရွယ်ချက်တစ်ခုကပ်ပါလာတဲ့ခါ ပျင်းစရာကောင်း

မကောင်းတော့ဘူး။ ကိုယ့်လုပ်ရပ်တွေက အဓိပ္ပါယ်ပိုရှိလာတယ်။ ရှေ့ဆက်ဘာလုပ်ရမလဲဆိုတဲ့ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ချမှတ်တတ်လာမယ်။


ထို့နည်းတူ သင်တန်းတစ်ခုတတ်တာ၊ စာအုပ်ဖတ်တာ၊အသစ်အဆန်းတစ်ခုစတင်လုပ်ဆောင်တာ အားလုံးရဲ့ နောက်ကွယ်မှာရှိတဲ့ Purpose of behind the action ဆိုတဲ့ သဘောတရားကို နားလည်ဖို့ လိုအပ်ပါတယ်။


ဒါကြောင့် ကိုယ်ရဲ့ နေ့သစ်တစ်ခုမစတင်ခင် အချိန် (၅) မိနစ်လောက်ယူပြီး မေးခွန်းလေး (၂) ခုမေးကြည့်ပါ။


ဘယ်လိုအရာတွေက ကိုယ်ရဲ့ တစ်နေ့တာကို အဓိပ္ပါယ်ရှိစေလဲ။ ဘယ်လိုအရာတွေက အဓိပ္ပါယ်မဲ့စေလဲ။


ဒီမေးခွန်းလေးတွေရဲ့ အဖြေကို ရှာဖွေပြီးတဲ့ခါ တနေ့တာမှာ "လုပ်သင့်တာ" နဲ့ "မလုပ်သင့်တာ" ကို ကွဲကွဲပြားပြား သိရှိလာပြီး ကိုယ်ရဲ့ တစ်နေ့တာက ပိုပြီးအဓိပ္ပါယ်ရှိလာမယ်။ ရှေ့ဆက်သွားရမယ့် လမ်းညွှန်ချက်တွေကို ကိုယ်တိုင်ချမှတ်လာနိုင်မယ်။ ပျော်ရွှင်မှု၊ မိမိကိုယ်ကိုယုံကြည်မှု၊ အားရကျေနပ်မှုတွေပါ တစ်ပါတည်း ရောက်ရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။


ကဲ..ဒီလိုနည်းလမ်းလေးကို လက်တွေ့အသုံးချပြီး ပျောက်ဆုံးနေတဲ့ ကိုယ်ကိုယ်ကို သင်ကိုယ်တိုင်ပြန်လည် ရှာဖွေတွေ့ရှိနိုင်ဖို့ နွေဦးတက္ကသိုလ်ရဲ့”သင့်အတွက် စိတ်ကျန်းမာရေး” ဆောင်းပါး အပိုင်း (၁) လေးမှတစ်ဆင့်မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။


ဒီဆောင်းပါးလေးက သင့်တွက်တစ်စုံတစ်ရာအကျိုးရှိသွားမယ်ဆိုရင် ကိုယ်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း

များကိုလည်း ပြန်လည်မျှဝေပေးပါဦးနော်။


နောက်တစ်ပတ် ဒီလိုအချိန်သင့်ရဲ့တနေ့တာစိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့်

ဆောင်းပါးအပိုင်း (၂)နဲ့ ပြန်လာခဲ့ပါ့မယ်ခင်ဗျ။



 
 
 

Comentários


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page