top of page

သင်ကိုယ်တိုင် သတင်းအမှားတွေ မမြင်ချင်ရင် ဒါတွေမလုပ်နဲ့။ ဒါတွေလုပ်။

Updated: May 11, 2022




တော်လှန်ရေးကာလမှာ လူထုကို ကြောက်စိတ်ထည့်ဖို့၊ အချင်းချင်းသွေးကွဲစေဖို့၊သတင်းမှားတွေဖုံးလွှမ်းစေဖို့က စစ်ကောင်စီရဲ့ အဓိက လက်နက်တစ်ခုဆိုတာ အားလုံးသိမယ်ထင်တယ်။


အဲ့သတင်းမှားတွေက ဘယ်ကလာလဲ။ အရင်က Radioရှိမယ်။ သတင်းစာရှိမယ်။ အခု ကျွန်တော်တို့ကိုင်ထားတဲ့

လက်ထဲက ဖုန်းတစ်လုံးက သတင်းမှားပြန့်ပွားဖို့အတွက် အဓိကကြားခံနယ်တစ်ခုဖြစ်လာပြီ။


ဒါကြောင့် သတင်းအမှားဖုံးလွှမ်းဖို့က စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ဆိုရင် အဲ့ရည်ရွယ်ချက်ကို အကောင်

အထည်ဖော်တဲ့သူက သင်မဖြစ်ပါစေနဲ့။


ဒါဆို သတင်းအမှားနဲ့အမှန် ဘယ်လိုခွဲခြားလို့ရမလဲ?


သတင်းအမှားနဲ့အမှန်ခွဲခြားတဲ့အခါမှာ (၂) ပိုင်းရှိတယ်။


ပထမဆုံးတစ်ပိုင်းက သတင်း။ သတင်းတစ်ခုဖတ်တဲ့ အခါဖြစ်စေ၊ သူတစ်ပါးကို မျှဝေတဲ့အခါဖြစ်စေ၊

ကိုယ်ကတင်တာပဲဖြစ်စေ အရင်ဆုံး ဒီအချက်တွေနဲ့ ချိန်ထိုးကြည့်ပါ။


၁။ ဘယ်သူတွေလဲ။

၂။ ဘယ်အချိန်လဲ။

၃။ ဘယ်နေရာမှာလဲ။

၄။ ဘာကြောင့်ဖြစ်တာလဲ။

၅။ ဘာဖြစ်တာလဲ။

၆။ ဘယ်လိုဖြစ်တာလဲ။


စတဲ့ အချက်တွေနဲ့ သေချာစီစစ်ပြီးမှ သတင်းတစ်ခုကို ရေးသားပါ။ မျှဝေပါ။ ယုံပါ။


ဒုတိယတစ်ပိုင်းက ရရှိလာတဲ့ သတင်းအပြင် ကိုယ်တင်မယ့်သတင်း၊ သူနဲ့ သက်ဆိုင်တဲ့ ပုံတွေ မှန်လား၊ မှားလားစစ်ဆေးဖို့ Google Lens ကို အသုံးပြုပါ။


ကိုယ်အသုံးပြုမယ့်ပုံက တခြားနိုင်ငံကလား။ သူများတွေအသုံးပြုပြီးသားပုံလား စသဖြင့် သတင်း

အရင်းအမြစ်တွေကို သေချာအချိန်ပေးပြီး စစ်ဆေးပါ။


ပထမဆုံး Google Lens App ထဲ ကိုဝင်ပါ။ Play Store က Download ထားလို့ရသလို Website ကလဲ Download လုပ်လို့ရပါတယ်။


App ထဲကိုဝင်၊ Search ဆိုတဲ့နေရာမှာ ကိုယ်ရှာချင်တဲ့ Photo ကို ထည့်ပြီး သက်ဆိုင်ရာ သတင်းအရင်းအမြစ်

များကို ရှာဖွေ စီစစ်လို့ရပါတယ်။


ဒီနည်းလမ်း (၂) ခုကို အသုံးပြုပြီး သတင်းတစ်ခုတွေ့တိုင်း အချိန်တစ်ခုပေးပြီး စီစစ်ပါ။ ယုံပါ။ မျှဝေပါ။


ကဲ..သတင်းမှားတွေ ပပျောက်သွားဖို့ဆိုတာ အားလုံးတူတူ စည်းလုံးမှရမှာနော်။ ဒါကြောင့် သူငယ်ချင်းတွေကို မျှဝေလိုက်ပါဦး။


သတင်းအမှားဖုံးလွှမ်းဖို့က စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ဆိုရင် အဲ့ရည်ရွယ်ချက်ကို အကောင်

အထည်ဖော်တဲ့သူက သင်မဖြစ်ပါစေနဲ့။


အရေးတော်ပုံ အောင်ရမည်။





 
 
 

Comentários


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page