top of page

အကြမ်းဖက်မှုတွေကိုလေ့လာပြီး မငြိမ်းချမ်းမှုတွေကိုအဖြေရှာမယ်။

Updated: Jun 25, 2022


ree

အကြမ်းဖက်မှုတွေကိုလေ့လာပြီး မငြိမ်းချမ်းမှုတွေကိုအဖြေရှာမယ်။


လူမှုဆက်ဆံရေးဆိုင်ရာ ပဋိပက္ခများက သဘာဝအရဖြစ်ပြီး ရှောင်လွှဲလို့မရကြောင်း ငြိမ်းချမ်းရေးတည်ဆောက်သူတွေက ပြောလေ့ရှိကြပါတယ်။အဲ့ဒီ ပဋိပက္ခနောက်ဆက်တွဲ မှာတော့ အကြမ်းဖက်မှုတွေ ၊အကြမ်းဖက်ပြီးဖြေရှင်းမှုတွေပါလာပြီး မငြိမ်းချမ်းမှုတွေ ဖြစ်လာတတ်ကြပါတယ်။ဒီတော့ မငြိမ်းချမ်းမှုတွေကို လေ့လာပြီး အဖြေရှာနိုင်ဖို့ အကြမ်းဖက်မှုတွေအကြောင်းကို မဖြစ်မနေသိထားဖို့လိုပါတယ်။အကြမ်းဖက်မှုတွေက သတိမထားမိတဲ့ နေရာတွေမှာလည်း ပုံစံအမျိုးမျိုးနဲ့ရှိနေတတ်ပါတယ်။


ဒါကြောင့် ဒီနေ့မှာတော့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဘာသာရပ်ရဲ့ ဖခင်ကြီးတစ်ဦးဖြစ်တဲ့ Prof. Johan Galtung ရဲ့ အကြမ်းဖက်မှုတွေကို ခွဲခြမ်းစိတ်ဖြာထားပုံနဲ့ ပတ်သတ်ပြီး ပြောပြသွားမှာဖြစ်ပါတယ်။သူဟာ အကြမ်းဖက်မှုတွေကို သုံးမျိုးခွဲခြမ်းစိတ်ဖြာထားပါတယ်။


(၁) တိုက်ရိုက်အကြမ်းဖက်မှု


ree


ပထမဆုံးအမျိုးအစားက တိုက်ရိုက်အကြမ်းဖက်မှုပဲဖြစ်ပါတယ်။ဒီအမျိုးအစားက သိသာမြင်သာပါတယ်။လူကိုကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေ၊နောက်ဆက်တွဲ စိတ်ဒဏ်ရာ ထိခိုက်စေမှုတွေ၊ ပိုင်ဆိုင်မှုတခုကို ပျက်စီးဆုံးရှုံးစေမှု စတာတွေဟာ တိုက်ရိုက်အကြမ်းဖက်မှုထဲအကျုံးဝင်ပါတယ်။


ဥပမာပြောရရင် - နှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ ဒေသ(အထူးသဖြင့် လူနည်းစုတိုင်းရင်းသားဒေသ) တွေက စစ်တပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေပဲဖြစ်ပါတယ်။


တိုက်ရိုက်အကြမ်းဖက်မှုတွေက ဒါတွေပဲလားဆိုတော့မဟုတ်သေးပါဘူး။အဲ့ဒီထက် သေးငယ်တဲ့ပုံစံမျိုးနဲ့ရှိနေပါသေးတယ်။ဥပမာပြောရရင် အိမ်တွင်းအကြမ်းဖက်မှုလို၊ ရပ်ကွက်၊ကျေးရွာအတွင်းက ရန်ပွဲလို စတာ​တွေကလည်း တိုက်ရိုက်အကြမ်းဖက်မှုတွေပဲဖြစ်ပါတယ်။


(၂) ဖွဲ့စည်းလည်ပတ်မှုဆိုင်ရာ အကြမ်းဖက်မှု



ree


ဒုတိယတစ်မျိုးဖြစ်တဲ့ ဖွဲ့စည်းလည်ပတ်မှုဆိုင်ရာ အကြမ်းဖက်မှုတွေဟာ တိုက်ရိုက်အကြမ်းဖက်မှုနဲ့ယှဉ်ရင် လူတွေ သတိမထားမိကြပါဘူး။ဒါ့အပြင် ၎င်းဟာ တိုက်ရိုက်အကြမ်းဖက်မှုနဲ့ယှဉ်ရင် ပြင်ဆင်ဖြေရှင်းရလည်း ပိုမိုခက်ခဲပါတယ်။


ဖွဲ့စည်းလည်ပတ်မှုဆိုင်ရာ အကြမ်းဖက်မှုတွေကို မြင်သာအောင်ပြောရမယ်ဆိုရင်တော့ အသားရောင် လူမျိုးစုများကို ခွဲခြားဆက်ဆံမှုတွေ၊ လိင်အခြေပြု ခွဲခြားဆက်ဆံမှုတွေ၊လူမျိုးစု၊အသားအရောင်၊အသက်က်အရွယ်စတာတွေနဲ့ပတ်သတ်ပြီးခွဲခြားဆက်ဆံမှုတွေ အပါအဝင် ပြဌာန်းဥပဒေတွေမှာပါဝင်နေတဲ့ ခွဲခြားဆက်ဆံမှုတွေ (သို့မဟုတ်) လူ့အဖွဲ့အစည်းရဲ့ ဖွဲ့စည်းလည်ပတ်မှုစနစ်အတွင်း မြုပ်ဝင်နေတဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေဖြစ်ပါတယ်။ ဥပမာ- လိင်အခြေပြု ဖိနှိပ်မှုတွေကို ကာကွယ်တဲ့ဥပဒေတွေကိုယ်တိုင်က လိင်အခြေပြုဖိနှိပ်မှုတွေကို အထောက်အပံ့ပေးနေတဲ့ အသုံးအနှုန်း၊ သဘောတရားတွေ ပါဝင်နေတတ်တာမျိုးတွေပဲဖြစ်ပါတယ်။


(၃) ယဉ်ကျေးမှုထဲ နစ်ဝင်နေတဲ့ အကြမ်းဖက်မှု



ree


တတိယတစ်မျိုးကတော့ ယဉ်ကျေးမှုထဲ နစ်ဝင်နေတဲ့ အကြမ်းဖက်မှုပဲဖြစ်ပါတယ်။ (၃) မျိုးလုံးထဲမှာ မြင်ရအခက်ဆုံးဖြစ်ပြီး အကြမ်းဖက်မှု ခံစားရသူတွေကိုယ်တိုင်ကတောင် သတိမပြုမိတာ မျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီအမျိုးအစားမှာတော့ လူ့အဖွဲ့အစည်းကလက်ခံထားတဲ့ သမရိုးကျအယူအဆတွေ၊ယုံကြည်မှုတွေပါဝင်နေပြီး များသောအားဖြင့် အပေါ်က ဖော်ပြခဲ့တဲ့ အကြမ်းဖက်မှုနှစ်မျိုးကို တရားဝင်အောင် အထောက်အပံ့ပေးတာမျိုးပဲဖြစ်ပါတယ်။ ဘာသာစကား အကြမ်းဖက်မှု လိုမသိသာတဲ့အခြေအနေတွေရှိသလို၊ အရေးကိစ္စတစ်ခုခုဖြစ်တဲ့အခါမှာ ယဉ်ကျေးမှုအရ စသဖြင့် လွှဲချအသုံးချပြီးလည်း ယဉ်ကျေးမှုတွင်းအကြမ်းဖက်လေ့ရှိကြတာပဲဖြစ်ပါတယ်။



 
 
 

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page