top of page

ဖက်ဒရယ်နိုင်ငံတွေမှာရှိတဲ့ ဖက်ဒရယ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ခွင့် (Epi - 1)

Updated: Jun 25, 2022



ဖက်ဒရယ်နိုင်ငံတွေမှာရှိတဲ့ ဖက်ဒရယ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ခွင့်


အပိုင်း(၁)


အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ-၃၅၅/၃၅၆)


ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံအများစုမှာ ယူနစ်များ၊တိုင်းဒေသကြီး/ပြည်နယ်များရဲ့ အုပ်ချုပ်စီမံမှုမှာ ဖက်ဒရယ်အစိုးရအား ပါဝင်ဆောင်ရွက်ခွင့် ပြုလေ့ရှိကြပါတယ်။အကြောင်းရင်းကတော့

အဆိုပါ ပြည်နယ်တွေရဲ့ ဒီမိုကရေစီစနစ် တည်ငြိမ်စေရန်၊ လူ့အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်

ရန်၊ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ရန်နှင့် ကောင်းမွန်တဲ့ အုပ်ချုပ်မှုအခြေခံစံနှုန်းများကို ထိန်းသိမ်းဖို့အတွက်ပဲဖြစ်ပါတယ်။


မြင်သာတဲ့ဥပမာတစ်ခု အနေနဲ့ပြရမယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ (ပုဒ်မ-၃၅၅) နဲ့ (ပုဒ်မ၃၅၆) ပဲဖြစ်ပါတယ်။


အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေထံဥပဒေရဲ့ (ပုဒ်မ-၃၅၅) ကိုကြည့်မယ်ဆိုရင် ‘ပြည်နယ်အားလုံးကို ပြင်ပကျူးကျော်မှုနှင့် ပြည်နယ်တွင်း ဆူပူ

နှောင့်ယှက်မှုများမှ အကာအကွယ်ပေးရန်လည်းကောင်း၊ ပြည်နယ်အားလုံးတွင် အစိုးရလုပ်ငန်းတာဝန်များကို ဤ

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရန်လည်းကောင်း ပြည်ထောင်စုတွင် တာဝန်

ရှိစေရမည်’ လို့ပြဋ္ဌာန်းထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ (ပုဒ်မ ၃၅၅)။


ပြီးတော့ (ပုဒ်မ ၃၅၆)မှာဆိုရင်လည်း

“ပြည်နယ် တစ်ခုသည် ဤတာဝန်လစ်ဟင်းပါက သမ္မတအနေဖြင့်

ကြေညာချက်ထုတ်ပြန်ပြီး ပြည်နယ်ရှိ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာများကို ပြည်ထောင်စုလွှတ်တော်နှင့်

ပြည်ထောင်စု အစိုးရသို့ အသီးသီး ယာယီလွှဲပြောင်း နိုင်ပါသည်” ဆိုပြီး ပြဌာန်းဖော်ပြထားတာပဲဖြစ်ပါတယ်။


ဆိုတော့ ဖက်ဒရယ်နိုင်ငံတစ်ခုဖြစ်တဲ့ “အိန္ဒိယနိုင်ငံ” ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်ဟာ ဖက်ဒရယ်အနှစ်သာရ ပြည်နယ်တွေရဲ့ “ကိုယ်ပိုင်ပြဌာန်းခွင့်” ကို ခြိမ်းခြောက်နေသလား။ဘာကြောင့်ဒီလိုပြဌာန်းချက်ထားရတာလဲ။


ဖက်ဒရယ်အစိုးရရဲ့ အာဏာအလွဲသုံးစား ပြုလုပ်နိုင်ခြေ ဘယ်လောက်ထိရှိလဲ။ အဆိုပါဖြစ်တန်ခြေတွေအတွက် အခြား ဘာအစီအမံတွေနဲ့ ကာကွယ်ထားသလဲ။


ဖော်ပြပါ ပုဒ်မနှစ်ခုကို ဖတ်ရှုပြီး အထက်ပါမေးခွန်းတွေ စာဖတ်သူခေါင်းထဲမှာပြည့်နှက်နေပြီဆိုရင်တော့ နောက်နေ့ ဆောင်းပါးအပိုင်းဆက်လေးမှာ အဖြေရှာဖို့အကြံပြုလိုပါတယ်ခင်ဗျာ။



ဖက်ဒရယ်နိုင်ငံတွေမှာရှိတဲ့ ဖက်ဒရယ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ခွင့်


 
 
 

留言


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page