top of page

ဖက်ဒရယ်နိုင်ငံအသီးသီးမှာရှိတဲ့ ကွဲပြားတဲ့အခေါ်အဝေါ်များ

  • May 16, 2022
  • 1 min read

Updated: Jun 25, 2022



ဖက်ဒရယ်နိုင်ငံအသီးသီးမှာရှိတဲ့ ကွဲပြားတဲ့အခေါ်အဝေါ်များ


ဖက်ဒရယ်နိုင်ငံတိုင်းဟာ အခိုင်အမာ ဥပဒေကြောင်းအရ တရားဝင်အက္ခရာတင်ထားပြီး

အမြဲတစေ ၎င်းတို့ဟာ ဖက်ဒရယ်နိုင်ငံဟု ရည်ညွှန်းလေ့မရှိကြပါ။ အချို့နိုင်ငံတွေဟာ ဒီလို ရည်ညွှန်းကြခြင်းမရှိပဲဖက်ဒရယ်အနှစ်သာရပြည့်ဝနေတတ်ပြီး တစ်ချိုု့မှာမူ ဖက်ဒရယ်ဟုဆိုသော်လည်း တစ်ပြည်ထောင်အသွင်ဆောင်နေတဲ့နိုင်ငံတွေလည်းရှိပါတယ်။


ဒါ့အပြင် ဖက်ဒရယ်နိုင်ငံတွေဟာ ကွဲပြားတဲ့အခေါ်အဝေါ်လေးတွေလည်းရှိကြပါသေးတယ်။ ဥပမာ - ဖက်ဒရယ်

အဆင့်ကို အမျိုးသား ‘national’ အစိုးရ၊ ဗဟို ‘central’ အစိုးရ၊ ပြည်ထောင်စု ‘union’ အစိုးရဆိုပြီး

အမျိုးမျိုး ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။


ဒါတွေပဲမဟုတ်ပါဘူး။ ယူနစ်တွေ၊ ပြည်နယ်တွေကိုလည်း အမျိုးမျိုး ခေါ်ဝေါ်ကြပါသေးတယ်။


အာဂျင်တီးနား၊

ကနေဒါ၊ တောင်အာဖရိကနိုင်ငံတွေမှာတော့ ပြည်နယ်တွေကို ‘provinces’ လို့ ခေါ်ပါတယ်။


သြစတြေးလျ၊

မလေးရှားနှင့် အမေရိကန်ပြည်ထောင်စုတွေမှာတော့ ပြည်နယ်များ ‘states’ ဆိုပြီးတော့ ခေါ်ပါတယ်။


ဘယ်လ်ဂျီယမ်နှင့်

အီတလီနိုင်ငံတွေမှာတော့ ဒေသများ ‘regions’ လို့ ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။


တဖန် ဆွစ်ဇာလန်တွင် နယ်မြေများ ‘cantons’ ဟု

ခေါ်ပါတယ်။


အဲ့ဒီ့လိုပဲ သြစတြီးယားနှင့် ဂျာမနီနိုင်ငံတွေမှာတော့ ပြည်နယ် “Lander” လို့ သုံးနှုန်းကြပြီး

စပိန်နိုင်ငံမှာတော့ ကိုယ်ပိုင်အုပ်ချုပ်သော ရပ်ရွာအသိုက်အဝန်းများ ‘autonomous communities’လို့ အသီးသီးခေါ်ဆိုကြပါတယ်။


အထက်မှာဖော်ပြခဲ့တာတွေဟာ ကွဲပြားတဲ့ ဝေါဟာရအသုံးအနှုန်းတွေသာ ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာ ခွဲဝေခြင်းများ စတဲ့ အခြားဖက်ဒရယ်ဆိုင်ရာ အနှစ်သာရများ နဲ့ သက်ရောက်ဆက်နွယ်မှုများ မရှိပါဘူး ။



 
 
 

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page