top of page

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာနည်းစနစ်၄မျိုး

  • May 16, 2022
  • 1 min read

Updated: Jun 25, 2022



ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ယေဘုယျ အခြေခံနည်းစနစ်(၄) မျိုး

အပိုင်း(၁)

ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းလုပ်ငန်းစဉ်တွေဟာ အခြေခံခိုင်မြဲရေးနဲ့ ရေရှည်တည်တံ့ရေးအတွက်ရည်ရွယ်ပြီး ရေးဆွဲခြင်းဖြစ်ပေမယ့် ပြောင်းလဲမရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုတော့ မဖြစ်သင့်ပါဘူး။ဖွဲ့စည်းပုံအခြေခံံဥပဒေများ တည်တံ့စေရန်မှာလည်း တိုင်းပြည်ရေခံမြေခံပေါ်မူတည်ပြီး ပြောင်းလဲလာသော လိုအပ်ချက်များ ၊အကြောင်းတရားများနဲ့ ကိုက်ညီအောင် လျင်မြန်စွာဖြေရှင်းဆောင်ရွက်နိင်တဲ့ ဥပဒေများဖြစ်ဖို့ အထူးလိုအပ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ ပြဌာန်းဖော်ပြထားကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ပြင်ဆင်သတ်မှတ်လိုကြတဲ့ အခြေခံအကြောင်းရင်းတွေဟာ ကွဲပြားခြားနားကြပါတယ်။အချို့ပြင်ဆင်ချက်တေမှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေက ရေတို/ရေရှည် ၎င်းတို့အကျိုးစီးပွါးအတွက်ပြင်ဆင်ကြပြီး အချို့ပြင်ဆင်ချက်တွေမှာတော့ ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ရည်ရွယ်၍ပြုလုပ်ရခြင်းပဲ ဖြစ်ပါတယ်။ မြင်သာအောင်ပြောရမယ်ဆိုရင်တော့ အချိန်ကာလနဲ့ လုံလောက်ကိုက် ညီခြင်းမရှိတော့တဲ့ ထင်ရှားသော ပြဌာန်းချက်တွေကို ပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပေးအပ်ထာတဲ့ ရပိုင်ခွင့်တွေ ပိုမိုကောင်းမွန်လာစေဖို့၊ ဒါမှမဟုတ် ဒီမိုကရေစီအဖွဲ့အစည်း၊အင်စတီကျူးရှင်းတွေ အားကောင်းလာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဆိုတော့ ဒီလိုရည်ရွယ်ချက်တွေ အကောင်အထည်ဖော်ဖို့ ခေတ်ပြိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ခြင်းလုပ်ငန်း စဉ်တွေကို တည်ဆဲဥပဒေ (သို့မဟုတ်) သမရိုးကျဥပဒေပြင်ဆင်ပုံနည်းလမ်းတွေထက်

ပိုမိုခက်ခဲအောင်ပြုလုပ်ထားကြပါတယ်။

ပြင်ဆင်မှုနည်းစနစ်များစွာအသုံးပြုလေ့ရှိကြပြီး အများစုမှာတော့ အောက်ပါ နည်းလမ်း(၄)ခုကို ယေဘုကျသုံးစွဲကြပါတယ်။

(၁) ဥပဒေပြုလွှတ်တော်တွင် လွှတ်တော်အမတ်အများစုထောက်ခံမှု

(၂)လူထုဆန္ဒခံယူပွဲ

(၃)သတ်မှတ်ချိန်ဆိုင်းငံ့ခြင်း (သို့မဟုတ်) ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် Double decision ချမှတ်ခြင်းဆိုင်ရာစည်းမျဉ်းများ

(၄)မဲဆန္ဒနယ်၊ဒေသ၊ပြည်နယ်နှင့်တိုင်းသို့မဟုတ်အခြားနိုင်ငေံရးအဖွဲ့အစည်း များသို့ လွှဲပြောင်းခြင်း တို့ပဲ ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တာတွေကတော့ နိုင်ငံအများစုမှသုံးလေ့ရှိကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ယေဘုယျ အခြေခံနည်းစနစ်(၄) မျိုးပဲဖြစ်ပါတယ်။နောင်လာမယ့်နေ့တွေမှာတော့ နည်းလမ်းတစ်ခုခြင်းစီရဲ့ လုပ်ထုံးလုပ်နည်းအကြောင်းအရာ အသေးစိတ်ကို ဖော်ပြသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးဖို့ တိုက်တွန်းအကြံပြုလိုက်ရပါတယ်။


 
 
 

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page