ကမ္ဘာမပျက်ခင် မြန်မာအရင်ပျက်လေမလား
- lms101
- Dec 11, 2022
- 1 min read
Updated: Dec 12, 2022

ကမ္ဘာမပျက်ခင် မြန်မာအရင်ပျက်လေမလား
မိုးရယ်စွေ ကိုးကွယ်လေတဲ့ဘုရားဟာ
မတရားမှုကို အရေးမယူတဲ့နေ့တွေ၊
တို့ပြန်ရတဲ့ အယုတ်တမာတို့ အသက်ကို
အဟုတ် ငါတို့မမက်ဘူး၊
မင်းတို့ချိုးတဲ့ ကိုင်းအဖြာအခက်တွေဟာ
ငါတို့လူငယ် တိုင်းအနာဂတ်တွေ။
ဆွေးလျက်ပူ မွေးရပ်မတူလည်း
တစ်ပြည်လုံးဟာ သွေးပွက်ဆူရဲ့၊
ဒီစစ်တလင်းမြေပေါ် ပြည်ချစ်ခြင်းတွေ
အရည်ပျော်ခဲ့ပြီလေ။
တိုင်းတက်ဖျက်တဲ့ မိုင်းလက်နက်ကြောင့်
တို့ပြည်ထောင် ကိုင်းအခက်ခက်လည်းကွဲ
လွတ်လပ်ရေးပေါ် ဖွတ်ဖြတ်ပြေးတော့
ဖွတ်ပုတတ်(ဗဒတ်)လေးတို့သာ ပျော်ကြကုန်။
ဒေဝဒတ်လုပ်လို့
အမေ့ရွှေနားကပ်လည်း ကုန်ပြီ၊
ကုန်ဈေးကွက်တွေ
တဟုန်ပြေးတက်ပုံအတိုင်းဆို
ကမ္ဘာမပျက်ခင်
မြန်မာ အရင်ပျက်လိမ့်မယ်ထင်တယ်။
လင်းညို
မော်ဒန်ကဗျာ
댓글