First Project Announcement
Panel Discussion
Environmental sector မှာ Professional တစ်ယောက် အနေနဲ့ ရပ်တည်ချင်တဲ့ လူငယ်တွေအတွက် သတင်းကောင်း
ကျောင်းသားလူငယ်၊ မိဘပြည်သူများခင်ဗျာ
နွေဦးတက္ကသိုလ်ရဲ့ STEM School ဦးစီးတဲ့ (Environmental & Sustainability Center) မှ “Introducing Environmental Career Opportunities on Sustainable Development” ဆိုတဲ့ Panel Discussion လေးကို မကြာခင်အချိန်အတွင်းမှာ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။
STEM School ရဲ့ (Environmental & Sustainability Center) ဟာဆိုရင်တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့သက်ဆိုင်တဲ့ Webinar တွေ Course တွေနဲ့ ပညာရေးအစီအစဉ် အသစ်တွေကို နောက်ပိုင်းမှာ ဆက်လက်ပြုလုပ်သွားဖို့ရှိပါတယ်။
အခု Environmental & Substainability Center မှ ပထမဆုံးအနေနဲ့ ပြုလုပ်သွားမယ့် Panel Discussion လေးမှာဆိုရင်တော့ Environmental sector အတွင်းမှာ ရှိတဲ့ စုံလင်တဲ့ Career opportunities တွေအကြောင်းကို စာတွေ့၊ လက်တွေ့နဲ့ ပညာရပ်ပိုင်းဆိုင်ရာ အတွေ့အကြုံများစွာကို ပိုင်ဆိုင်ထားတဲ့ ပညာရှင်တွေက အဓိကထားဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ဒါ့ကြောင့်
📍 သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်အတွင်းက Industrial trends တွေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ချင်တယ်
📍 အနာဂတ် Career ရွေးချယ်မှုဆိုင်ရာ လမ်းကြောင်းတွေအတွက် အကြံဉာဏ်ကောင်းတွေရယူလိုတယ်
📍ဒီကတဆင့် ပညာရပ်ဆိုင်ရာ သဘောတရားတွေကို လက်တွေ့မှာပြန်လည် အသုံးချရင်း ပိုမိုကောင်းမွန်တဲ့ လူအဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ဖန်တီးချင်တယ်ဆိုရင်တော့ Panel Discussion လေးကို လက်လွတ်မခံပဲ တက်ရောက်ပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။
Panel discussion လေးကို May လ 8 ရက် နေ့ မြန်မာစံတော်ချိန် ည (၇:၀၀) နာရီ မှ (၈:၃၀) နာရီ အထိ ZOOM platform ကနေတစ်ဆင့် ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။
Panel discussion လေးကို တက်ရောက်လိုပါက အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက် စာရင်းပေးနိုင်ပါပြီ။
Link - https://ee-eu.kobotoolbox.org/single/qXz19OP8?returnUrl=https://t.me/+Kquno5iMQAgyZmRl