သင့်အဖွဲ့အစည်းဆိုင်ရာ ဆိုက်ဘာလုံခြုံရေး အစီအစဉ်ကို ဖန်တီးခြင်း

အဖွဲ့အစည်း၏ လုံခြုံရေး အစီအစဉ်တိုင်းသည် ၎င်းတို့၏ အကဲဖြတ်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ တွန်းအားပေးမှုပေါ် အခြေခံ၍ အနည်းငယ် ကွဲပြားနိုင်သော်လည်း၊ အချို့သော အဓိက သဘောတရားများမှာ အားလုံးနီးပါး တူညီနိုင်ပါသည်။ 

ဤလက်စွဲစာအုပ်သည် လက်တွေ့ဆန်သော ဖြေရှင်းနည်းများနှင့် တကယ့်ကမ္ဘာတွင် အသုံးချမှုများပေါ် အခြေခံ၍ ခိုင်လုံသော လုံခြုံရေး အစီအစဉ်ကို ကူညီတည်ဆောက်ပေးသည့် နည်းလမ်းဖြင့် အခြေခံ သဘောတရားများကို ဖော်ပြပါသည်။ 

ဤလက်စွဲစာအုပ်သည် ကုန်ကျစရိတ် အခမဲ့ သို့မဟုတ် အလွန်နည်းပါးသော ရွေးချယ်မှုများနှင့် အကြံပြုချက်များကို ပေးအပ်ရန် ကြိုးပမ်းအားထုတ်ပါသည်။ သို့သော်၊ ထိရောက်သော လုံခြုံရေး အစီအစဉ်တစ်ခု ဖော်ဆောင်ခြင်းနှင့် ဆက်စပ်နေသော အသိသာဆုံး ကုန်ကျစရိတ်မှာ သင်နှင့် သင့်အဖွဲ့အစည်းက သင်၏ အစီအစဉ်အသစ်နှင့် ပတ်သက်၍ လေ့လာပြီး ဖော်ဆောင်ရန် ဆွေးနွေးဖို့ လိုအပ်သည့် အချိန် ဖြစ်ပါမည်။ သင့်အဖွဲ့အစည်းက ရင်ဆိုင်ရနိုင်ခြေရှိသည့် ဘေးအန္တရာယ်များ ရှိသော်လည်း၊ ဤရင်းနှီးမြှုပ်နှံမှုက ၎င်းထက်ကိုပို၍ လုပ်ရကျိုးနပ်ပါသည်။ 

အပိုင်းတစ်ခုစီတွင်၊ အဲဒါက ဘာလဲနှင့် ဘာလို့ အရေးပါတာလဲကဲ့သို့ သင့်အဖွဲ့အစည်းနှင့် ၎င်း၏ ဝန်ထမ်းအဖွဲ့က သတိပြုမိသင့်သည့် အဓိက အကြောင်းရင်း၏ ရှင်းလင်းချက်ကို သင်ရှာတွေ့ပါမည်။ ခေါင်းစဉ်တစ်ခုစီကို အခြေခံ မဟာဗျူဟာများ၊ ချဉ်းကပ်မှုများနှင့် သင့်ဘေးအန္တရာယ်ကို ကန့်သတ်ရန် အကြံပြုထားသော ကိရိယာများနှင့် အကြံဉာဏ်များအပြင် သင့်အဖွဲ့အစည်းအနှံ့ အဆိုပါ အကြံပြုချက်များကို သင့်အားကူညီဖော်ဆောင်ပေးနိုင်သည့် ထပ်ဆောင်း ရင်းမြစ်များသို့ လင့်ခ်များနှင့် ချိတ်တွဲထားပါသည်။

လုံခြုံရေး အစီအစဉ် စတင်သူအထောက်အကူပြုအရာ
သင့်အဖွဲ့အစည်းအား လက်စွဲစာအုပ်၏ သင်ခန်းစာများကို စီစဉ်လုပ်ဆောင်နိုင်အောင် ကူညီရန်နှင့် တကယ့်လက်တွေ့ အစီအစဉ်သို့ ပြောင်းလဲရန်၊ စတင်သူကစ်ကို အသုံးချပါ။ ကစ်ကို သင်ပရင့်ထုတ်နိုင်သည် သို့မဟုတ် လက်စွဲစာအုပ်ကို အွန်လိုင်းတွင် ဖတ်ရှုနေစဉ် ဒစ်ဂျစ်တယ်နည်းဖြင့် သင်ဖြည့်စွက်နိုင်ပါသည်။ မှတ်ချက်များကို ရေးမှတ်ပြီး သင်၏ လုံခြုံရေးအစီအစဉ်ကို စတင်အပ်ဒိတ်လုပ် သို့မဟုတ် ဖန်တီးသည့်အခါ၊ အပိုင်းတစ်ခုစီတွင် အသေးစိတ်ဖော်ပြထားသည့် “လုံခြုံရေးအစီအစဉ် ဖွဲ့စည်းမှုဘလော့များ” ကိုလည်း သေချာ ကိုးကားပါ။
အနည်းဆုံးအနေဖြင့် ဤအခြေခံ အစိတ်အပိုင်းများကို မဖော်ပြဘဲ မည်သည့် လုံခြုံရေးအစီအစဉ်ကမျှ မပြည့်စုံနိုင်ပါ။
1_edited.png