top of page

အမေ့အိမ်သို့တမ်းချင်း

Updated: Dec 12, 2022



အမေ့အိမ်သို့တမ်းချင်း


မျှော်လင့်ချက်တစ်ခုကို ရင်မှာပိုက်

အနွေးထွေးဆုံးပါဆိုတဲ့ အမေ့အိမ်ကို

ကျောခိုင်းထွက်ခွါခဲ့တဲ့ သားမိုက်တစ်ယောက်

တောင်တန်းတွေရှိတဲ့ အရပ်ဆီ

ရောက်လာခဲ့တယ်။


ဦးတည်ရာတစ်ခုကို အာရုံစိုက်

အပေါင်းအသင်းတွေနဲ့လဲ

ဝေးခဲ့တယ်။


အမေ့အိမ်ကနေ မခွဲဖူးတဲ့ငါ

အိမ်နဲ့အဝေးဆုံးကိုသွား

မျိုးဆက်သစ်တို့ ကောင်းစားရေးဖို့

တာဝန်တွေကို ထမ်းခဲ့တယ်။


တစ်နေ့တော့ ဆိုတဲ့ မျှော်လင့်ချက်နဲ့

ကျရာတာဝန် ထမ်းဆောင်ရင်း

အမေ့အိမ်ဆိုတဲ့ အရပ်ကို

အမေ့သား လွမ်းနေခဲ့ပြီ။


-Vanzo


댓글


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page