ဖုန်းမှန်ပေါ်က ကျောင်းခန်းငယ်
တိုင်းပြည်အနှံ့က အသံတွေဟာ
ဒီခေတ်ပေါ် ဆော့ဖ်ဝဲလ်လေးဆီက လာစုတယ်။
သိကာကျွမ်းခဲ့ပေမယ့် ထိကာလှမ်းခဲ့လို့်မရ
အသံကြား ရုပ်မမြင်ရတဲ့
တို့ဟာ ဒီဖန်သားဖုန်းပြင်ပေါ်မှာ။
ဆုံခြင်းတွေဟာ ယုံချင်စရာမကောင်းဘူး
အဝေးလံက အသံတွေကို အတွေးဉာဏ်မှ
သဏ္ဌာန်ဖော်ရုံသာ တတ်နိုင်တယ်။
နေရာဦးစရာ ခုံတန်းလည်းမရှိဘူး
မြေမှာလူးစရာ ဖုန်လမ်းလည်းမရှိဘူး
ကျောင်းမှာမဟုတ်ဘဲ ပြောင်းကာ တို့သင်ရတယ်။
နွေးထွေးမှုတို့ နည်းလေတော့
ဆွေးနွေးမှုတို့ ခဲစေတယ်
ကျည်ဆန်တွေရှောင်ရင်း
ရီသံ(ရယ်သံ)တွေ မအောင်တော့ပါဘူးကွယ်။
စာသင်ခန်းထိ လာချင်စမ်းမိတာကို
မညာချင်စမ်းတော့ပါဘူးလေ။
ဆုံစည်းလို့ရမယ့်အခါ ဗုံတီးလို့ ကြိုမယ်။
လင်းညို
မော်ဒန်ကဗျာ
Comments